အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ အဓိကသော့ချက်က ဘာလဲ
ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခ ရဖို့အတွက် ချစ်ခြင်းမေတ္တာ၊ အပြန်အလှန် နားလည်ပေးမှုတွေဟာ မရှိမဖြစ် လိုအပ်သလို လိင်မှုကိစ္စမှာလည်း တစ်ဦးနဲ့ တစ်ဦး အပေးအယူမျှနေဖို့ အရေးကြီးပါတယ်။ လိင်ဆက်ဆံတာဟာ သိပ်ပြီး ခက်ခဲထူးဆန်းနေတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရော ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ၊ ဆက်ဆံဖော်အတွက်ပါ ပိုမိုကောင်းမွန်တဲ့ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်ဖို့ဆိုရင် အရေးအကြီးဆုံးက တစ်ကိုယ်ကောင်းမဆန်ဖို့ပါပဲ။
၁။ အရင်ဆုံး စကားပြောကြည့်ပါ။
လိင်ဆက်ဆံတာ စကားပြောဖို့မှ မလိုတာလို့ တော်တော်များများက ပြန်ငြင်းကောင်း ငြင်းကြပါလိမ့်မယ်။ လုံးဝမှားပါတယ်၊ လိုကိုလိုပါတယ်။ ဘာလို့လဲဆိုတော့ လိင်ဆက်ဆံတဲ့အခါ မအင်္ဂါဇာတ်ထဲ မိမိငယ်ပါ ထိုးသွင်းလိုက်ရုံနဲ့တော့ သုက်တော့လွှတ်လိုက်မှာပါ။ ဒီဟာတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ လိင်စိတ်ဆန္ဒအထွတ်အထိပ် ရောက်သွားတယ်လို့ သတ်မှတ်လို့မရသလို ကိုယ့်အဖော်အတွက်လည်း လိင်စိတ်အာသာပြေမှု အပြည့်အဝ ရသွားမှာမဟုတ်ပါဘူး။
ဒီအတွက် ကိုယ်ကောင်းဖို့ တစ်ခုတည်းကိုသာ မကြည့်ဘဲ လုံးဝမဆက်ဆံခင်မှာ ကိုယ့်ဆက်ဆံဖော်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်လိုအနေအထားက သူ့အတွက် ခံစားမှုပိုကောင်းလဲ၊ သူ့ရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကို ပွတ်သပ်ကျီစယ်ရတာ ကြိုက်နှစ်သက်လဲ၊ အကြမ်းကြိုက်လား၊ အနုကြိုက်လား၊ စစချင်းဆို စက်သေနတ်ပစ်သလို မောင်းတင်ရမှာလား၊ ပြုစုပေးရတာ ကြိုက်လား၊ အပြုစုခံရတာ ကြိုက်လား စတာတွေကို မေးမြန်းသင့်သလို ကိုယ့်ရဲ့ အကြိုက်တွေကိုလည်း ပြောပြကာ နှစ်ဦးနှစ်ဘက် တိုင်ပင်ကြည့်သင့်ပါတယ်။ ဒါက ပထမဦးဆုံး လုပ်သင့်တာပါ။
၂။ အမြင့်ဆုံးသော ခံစားမှုတွေအတွက် ဖြည်းဖြည်းချင်းအရှိန်တင်ပါ။
ကာမဆက်ဆံတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံမှုကို အရင်ဆုံး မပြုပါနဲ့။ အရင်ဆုံး ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်ကြား နွေးထွေးမှုရစေလိုခြင်း၊ ကာမစိတ်ကို ဖြည်းညှင်းစွာ နှိုးဆွတာမျိုး ပြုဖို့ ခန္ဓာကိုယ်ချင်း ပွတ်သပ်ထိတွေ့တာ၊ နမ်းရှုံ့တာ၊ ပွေ့ဖက်တာ၊ ပါးစပ်၊ လျှာ၊ ကိုယ်လက်များကို အလုပ်ပေးပြီး ချော့မြူစေခြင်းဖြင့် ကာမခရီးကို ရှေ့ဆက်လှမ်းပါ။
ဖြည်းဖြည်းချင်း အရှိန်တင်ပြီး ကိုယ်နဲ့ဆက်ဆံရတော့မယ့် သူတစ်ယောက်ကို ပွတ်သပ်မြူဆွယ်ခြင်းဟာ ကိုယ့်အတွက်တင်မကဘဲ ကိုယ့်ဆက်ဆံဖော်အတွက်လည်း ရင်ထဲမှာဖြစ်နေတဲ့ လိင်စိတ်ကို အပြည့်ဝဆုံး ဖွင့်ဟတတ်လာဖို့ ကိုယ်က လမ်းခင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ ဘာမှကို မဘာရသေးခင် ကိုယ့်ရဲ့ပစ္စည်းကို တန်းထည့်လိုက်တာမျိုးက သာယာမှုမရှိတဲ့ လိင်မှုဘဝရဲ့ ပထမဆုံးသော ငရဲတံခါးဝပါ။
၃။ ချောဆီက မပါမဖြစ်ပါ။
မိန်းမကိုယ်နဲ့ ဆက်ဆံမလား၊ သဘာဝချောဆီထွက်ပေမယ့် ဆက်ဆံတာကြာလာတာနဲ့အလိုက် ဒီချောဆီတွေ နည်းသွားပြီး ခြောက်သွားမှာပါ။ စအိုဝနဲ့ လိင်ဆက်ဆံမှာလား၊ ပိုဆိုးပါတယ်။ မိန်းမကိုယ်လို ချောဆီထွက်တာမျိုးမဟုတ်တဲ့အတွက် ချောဆီကို မဖြစ်မနေသုံးမှသာ အဝင်အထွက်ချောနေမှာပါ။ ကိုယ့်လိင်အင်္ဂါက သူများထက် ပိုရှည်နေလား၊ ဒါမှမဟုတ် လုံးပတ်ပိုကြီးနေလား၊ ကိုယ့်အတွက် ယောက်ျားပီသမှုဆိုတဲ့ မာန်မာနဂုဏ်ကို ဖြစ်စေလောက်အောင် ကြီးမားတဲ့အရွယ်အစားလား၊ ချောဆီကို ရွှဲနေအောင် သုံးပါ။
ဆက်ဆံတဲ့အခါမှာ ချောဆီကို များများအသုံးပြုပြီး ဆက်ဆံပါ။ ကြမ်းတမ်းစွာ ဆက်ဆံတာဟာ အပြာရုပ်ရှင်ထဲမှာတာ့ ကြည့်ကောင်းတဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေပေမယ့် ကိုယ်နဲ့ ဆက်ဆံမယ့်သူဟာ အပြာရုပ်ရှင်ရိုက်တဲ့သူမဟုတ်ဘဲ သာမန်လူတစ်ယောက်ဖြစ်တာကို မမေ့ပါနဲ့။ ဒါကြောင့် ဖြည်းညှင်းညင်သာစွာ ဆက်ဆံပါ။ ကိုယ်တစ်ဦးတည်း ပြီးပြီးရော မလုပ်ပါနဲ့။ ဆက်ဆံနေစဉ် အချိန်အတွင်းမှာလည်း ကိုယ်ကြိုက်တဲ့၊ မကြိုက်တဲ့အရာတွေကို နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောပါ။
၄။ စိတ်ကိုအေးအေးထားပါ။
အမှန်တကယ် လိင်ဆက်ဆံရတော့မယ်ဆိုရင် မိန်းကလေးတွေက ရှက်ရွံ့စိတ်တွေ တော်တော်လေးဖြစ်နိုင်သလို ယောက်ျားလေးတွေမှာလည်း စိတ်အားထက်သန်မှုတွေ၊ အပျော်တွေ၊ စိတ်လှုပ်ရှားမှုတွေ လွန်ကဲသွားတတ်ပါတယ်။ ဒီလိုဖြစ်တာက သဘာဝအတိုင်းဆိုပေမယ့် စိုးရိမ်ပူပန်စိတ်တွေ များလာတဲ့အခါ ကိုယ်က လိင်မှုကိစ္စကို အပြည့်အဝအာရုံမစိုက်နိုင်တော့တာကြောင့် ယောက်ျားလေးတွေဆိုရင် လိင်တံမထောင်မတ်နိုင်တာ၊ ခဏလေးနဲ့ သုက်လွှတ်မိတာ၊ အပေါက်အလမ်း မတည့်တာမျိုး ဖြစ်နိုင်သလို မိန်းကလေးတွေမှာလည်း ကိုယ့်ရဲ့ကြောက်စိတ်ကြောင့် စိတ်နဲ့ခန္ဓာကို တင်းထားလိုက်တဲ့အခါ ကြွက်သားတွေပါ လိုက်ပြီးတင်းမာနေတဲ့အတွက် နာကျင်မှုဝေဒနာကို ပိုခံစားရနိုင်ပါတယ်။
လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် မလိုအပ်ဘဲ ရှက်ရွံ့နေတာမျိုးက ကိုယ့်အတွက်ရော ကိုယ့်အိမ်ထောင်ဖက်အတွက်ပါ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ အရမ်းကြီး မရှက်ပါနဲ့။ လိင်ဆက်ဆံရမှာ ကြောက်ရွံ့တယ်ဆိုရင် ဘာကြောင့် ကြောက်ရွံ့ရတာလဲဆိုတဲ့ ပြဿနာရဲ့ အဖြေကို ရှာဖွေပါ။ နောက်ဆုံးတစ်ခုက ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝရရှိဖို့ ထိုးသွင်းဆက်ဆံခြင်းတင်မက တခြားဆက်ဆံပုံမျိုးတွေကလည်း ကူညီပေးနိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ခင်ဗျ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး အိမ်ထောင်ရေးသုခ ပြီးပြည့်စုံစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ရဲမျိုးမြတ်